ကုသိုလ်တော်ဘုရားကို World Biggest Book ( ကမ္ဘာ့အကြီးဆုံးစားအုပ်ကြီးအဖြစ်လည်းကောင်း)
Memory of the World (ကမ္ဘာ့မှတ်တမ်းအမွေအဖြစ်လည်းကောင်း)
Fifth Synod Took Place (ပဉ္စမသံင်္ဂါယနာတင်နေရာအဖြစ် လည်းကောင်း) သတ်မှတ်ထားပြီး
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ကျော်စောလာခဲ့ခြင်းဖြစ်သည်။
မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား စေတီတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လဆန်း ၁၄ ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ပြီး ဉာဏ်တော် ၁၇၇.၉ ပေအမြင့် ရှိပါတယ်
ရှေးဟောင်းသမိုင်းဝင် ကုသိုလ်တော်ဘုရားကျောက်စာများကို ပိဋကတ်သုံးပုံ ပါဠိတော် ကျောက်စာပေါင်း ၇၂၉ ချပ်ကို မြန်မာသက္ကရာဇ် ၁၂၂ ခုနှစ်မှာ စတင်ထွင်းထုခဲ့ရာ ၁၂၃၀ ခုနှစ်မှာ ပြီးစီးခဲ့ပြီး မာတိကာအလိုက် ပိဋကတ်သုံးပုံကျောက်စာများမှာ  သုတ္တန်(၃)ကျမ်း ကျောက်စာ (၄၁၀)ချပ်၊ ၀ိနည်း(၅)ကျမ်း ကျောက်စာ(၁၁၁)ချပ်၊အဘိဓမ္မာ(၇)ကျမ်း ကျောက်စာ (၂၀၈)ချပ်၊ သမိုင်းကျောက်စာ(၁)ချပ်နဲ့ ဓမ္မစေတီတစ်ဆူကို ကျောက်စာတချပ်နှုန်းနဲ့ မင်းတုန်းမင်းက တည်ထားခဲ့ကိုးကွယ်ခဲ့ပြီး ၁၃ ဧကကျယ်ဝန်းသော စေတီပရ၀ုဏ်သုံးထပ်အတွင်း စိုက်ထူတည်ဆောက်ထားခဲ့ပါတယ်
ကုသိုလ်တော်ဘုရား၏ ပုံစံငယ်ကို စင်္ကြလမ်းဆုံးသည် နှင့် တစ်ပြိုင်နက် မြင်တွေ့ ရမှာဖြစ်ပါတယ် ဘုရား၏ အနောက်ဘက်တွင် နှစ်ပေါင်း (၁၀၀) ကျော်သက်တမ်းရှိပြီဖြစ်သော အပင်ကြီးများကလည်း အပြိုင်းပြိုင်းနဲ့ ယနေ့ထက်ထိတည်ရှိနေသေးတာတွေ့မြင်ရမှာဖြစ်တယ်
ဘုရားရှေ့မှာ ကြာပန်းတွေရောင်းပါတယ် ကြာပန်းတွေမှ ရောင်စုံပါပဲ အရမ်းလည်း လှပါတယ်နော် အဆင်သင့်သနပ်ခါးသွေးလိမ်းနိုင်တဲ့ ကျောက်ပြင်ကြီးလည်း ထားထားပေးပါတယ် (သနပ်ခါးလိမ်းခိုင်းလို့လည်းရပါတယ်) ဘုရားဖူးရုံသာမက စေတီတဆူစီက ကျောက်စာတွေကို လေ့လာနိုင်ပါတယ်​။
Contact Us