တည်နေရာကတော့ ပြင်စာနဲ့အနီးစခန်းကြားမှာပေါ့


မန္တလေးကနေ သွားမယ်ဆိုရင် ပြင်စာကနေဝင်တာ နီးပါတယ်
ပြင်စာကနေ 10Km ဝေးပြီး 12Mins ခန့် မောင်းရင် အိုင်ကြီးကျောက်ခေါင်းဖားအောက်တောရ ရောက်ပါမယ် .. အဲ့မှာ ကားတွေဆိုင်ကယ်တွေထားခဲ့ပြီး လမ်းလျှောက်ရပါမယ်။ ၁၅ မိနစ်ခန့် လမ်းလျှောက်လာပြီးရင် ဒေသအခေါ် နတ်ရေကန်လို့ခေါ်တဲ့အိုင်သေးသေးလေးတစ်ခုကိုရောက်ပါမယ်။ နတ်ရေကန်နဲ့ ကပ်ရပ် လယ်ကွင်းသေးသေးလေးထဲ ဖြတ်သွားရင် အဆုံးမှာ အိမ်သေးသေးလေးတလုံးရှိတယ်။ ကျွန်တော်တို့ကတော့ အဲ့ကနေလမ်းပြခေါ်သွားပါတယ်။ လမ်းပြခေါ်ကိုခေါ်ပါ။ လမ်းပြမပါရင် လမ်းမှားမှာသေချာပေါက်ပါပဲ။ ပထမကတော့ လမ်းပြမခေါ်ပဲ မေးစမ်းပြီးသွားကြတာ လမ်းကိုပက်ပက်စက်စက်မှားပါတယ်။ အချိန်တွေလည်း ၂ နာရီလောက်ကို အလကားဖြစ်သွားပါတယ်။ အဆိုးထဲကအကောင်းဆိုသလို့ တအားလှတဲ့ ရေတံခွန်အသေးစားလေး ၂ ခုအပိုရောက်ခဲ့တာပေါ့။

တောင်ပေါ်ကနေ ပေပေါင်း ၂၂၀၀ ဝန်းကျင် ခက်ခက်ခဲခဲဆင်းပြီးမှ ကံကော်အိုင်ကိုရောက်မှာပါ။
ကျွန်တော်တို့အဖွဲ့က အဆင်း ၄၈ မိနစ်နဲ့ အတက် ၈၀ မိနစ် ကြာခဲ့ပါတယ်။
တောင်က တအားမတ်ပါတယ်။ အဆင်းခြေထောက်တွေ နာမယ်။ အတက် တအားညောင်းမယ်။ ကျွန်တော်ဆို ဒူးပါတုန်တယ်။ တောင်ကမ်းပါးယံတွေက ကပ်သွားရတာတွေ၊ ကြိုးတွေနဲ့ ခိုဆင်းရတာတွေ၊ အန္တရာယ်တအားများပါတယ်။
ကံ့ကော်အိုင် ရောက်သွားရင် အမောတွေအားလုံးပြေ၊ ကျေနပ်မှု အတွေ့အကြုံ ဘာနှင့်မှ နှိုင်းမရ။
တအားဝတဲ့သူတွေကို မသွားစေချင်ပါဘူး၊ တောင်တက်အတွေ့အကြုံမရှိတဲ့သူကို မသွားစေချင်ပါဘူး၊ ပင်ပန်းတယ်ဆိုတာထက်ပိုပါတယ်၊ မဆင်းနိုင်တော့လို့လှည့်ပြန်သွားရတဲ့အဖွဲ့နဲ့လည်း ဆုံခဲ့ပါတယ်

သွားရခက်ခဲခြင်း လူသိနည်းခြင်း တို့ကြောင့် သဘာဝအတိုင်း တအားလှနေပါတယ်။

Credit…

Contact Us