” ငပလီကမ်းခြေ ”
(One of the Most Beautiful Beach in Southeast Asia )

ရခိုင်ကမ်းရိုးတန်းရဲ့ အလှပဆုံး ကမ်းခြေအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ငပလီကမ်းခြေဟာ သံတွဲမြို့ရဲ့ ၄ မိုင်အကွာမှာ တည်ရှိပြီး မြောက်မှ တောင်ကို 10.56 milesနဲ့ အရှေ့မှ အနောက် 1.5 miles အကျယ်ရှိပါတယ်။ လေယာဉ်ကွင်းရှိတဲ့မဇင်ရွာမှ ကမ်းခြေတလျောက် ဇီးဖြူကုန်းရွာ၊ မြပြင်ရွာ၊ ငပလီ၊ လင်းသာဦးနဲ့  ဂျိတ္တော အစရှိတဲ့ ရခိုင် ရွာတွေပါဝင်ပြီး တောင်ဘက်စွန်း တံငါရွာလေးဖြစ်တဲ့ လုံးသာရွာမှာ အဆုံးသတ်ပါတယ်။

ငပလီကမ်းခြေဟာ အာရှတိုက်ရဲ့ အလှဆုံး ကမ်းခြေ ၂၅ ခု ထဲက အလှဆုံးအဖြစ် 2016 Traveler Choice ဆုကို နိုင်ငံတကာက လာရောက်တဲ့ ဧည့်တွေရဲ့သုံးသတ်ချက်တွေကို ရေးသားဖေါ်ပြကြတဲ့ Tripadvisor Review မှရရှိခဲ့ပြီး ကမ္ဘာ့အလှဆုံးကမ်းခြေအဆင့် ၁ မှ ၁၀ အတွင်းမှာ 2016 အထိ ရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်ယူဖွယ် ကမ်းခြေတစ်ခုလဲဖြစ်ပါတယ်။

အပန်းဖြေခရီးအဖြစ်သွားလေ့ရှိကြတဲ့ နိုင်ငံတကာက ပင်လယ်ကမ်း ခြေတွေရဲ့အရည်အသွေးကို အမှတ်ပေးကြတဲ့နေရာမှာ ကမ်းခြေတစ် လျောက်မှာရှိတဲ့ သဘာဝရှုခင်းများ မပျက်မယွင်းတွေ့ရှိခံစားနိုင်သေး ခြင်းရှိမရှိ၊ ကမ်းခြေမှ သဲသောင်ပြင်ရဲ့ အရည်အသွေး၊ ပင်လယ်ရေရဲ့ အန္တရာယ်ရှိမှု အန္တရာယ်နည်းပါးမှု အခြေအနေ (ရေထဲမှာပါဝင်တဲ့ ဘက်တီးရီးယား အခြေအနေ)၊ ကမ်းခြေတစ်လျောက် ရေအောက် သဲပြင်အနေအထား၊ အန္တရာယ်ရှိတဲ့ ပင်လယ်သတ္တဝါတွေ ကမ်းခြေရေ တိမ်ပိုင်းအထိ ဝင်လာနိုင်ခြင်းရှိမရှိ နောက်ပြီး ကမ်းခြေတစ်လျောက် ရာသီဥတုနဲ့နေရောင်ခြည်ရရှိမှုအခြေအနေ ဒီလိုအချက်တွေပေါ်မှာ မူတည်ပြီး ကမ်းခြေရဲ့အရည်အသွေးကို တိုင်းထွာဆုံးဖြတ်လေ့ရှိပါကြ တယ်။

ငပလီကမ်းခြေကတော့ ကမ်းခြေတစ်လျောက် မြောက်ဖက် Amara Ocean Resort မှ တောင်ဘက်စွန်း Diamond Ngapali Resort အထိ ဟိုတယ် ၃၂ လုံး (ငပလီ main road ရဲ့ ကမ်းခြေ ဖက်အခြမ်းက Hotel တွေကို သာ ဆိုလိုပါတယ်) တည်ရှိနေပြီး ဟိုတယ်တွေရဲ့တန်ဘိုးထားမှု ထိမ်းသိမ်းမှုကြောင့် လှပတဲ့လက်ကျန် အုန်းတောများ ရှိနေဆဲ သဘာဝအလှကို မြင်နေရဆဲ လှပဆဲဖြစ်ပါ တယ်။

ငပလီကမ်းခြေရဲ့ သဲသောင်ပြင်ဟာလည်း white sand လို့ခေါ်တဲ့ အရည်အသွေးကောင်းပြီး ရွံ့နွံပါဝင်နှုန်းနည်းပါးတဲ့ သဲသောင်အမျိုးအ စားပါ။ ကမ်းခြေကောင်းတစ်ခုအတွက် သဲသောင်ဟာ white sand ဖြစ်ဘို့ အင်မတန်မှအရေးကြီးပါတယ်။

ရေအောက်ကျောက်ဆောင်များမှာလည်း သဘာဝအရ အန္တရာယ်ရှိတဲ့ ရေသတ္တ၀ါကြီးများ ရေတိမ်ပိုင်းသို့ ဝင်မလာနိုင်စေအောင် ကာကွယ်ဖို့  သဘာဝတံတိုင်းသဖွယ် ကမ်းခြေနဲ့ခတ်လှမ်းလှမ်းရေအောက်မှာ အကာအကွယ်ပေးနေတာမို့  ရေသတ္တ၀ါကြီးတွေရဲ့အန္တရာယ်မှ ကင်း ဝေးစေပါတယ်။

ပင်လယ်ရေမှာလဲ ကြည်လင်ပြီး bacteria level နိမ့်တာကြောင့် ပင်လယ်ရေကြောင့်ရောဂါရနိုင်မှု အခွင့်အရေး နည်းပါးလှပါတယ်။ များသောအားဖြင့် မြစ်ချောင်းများနဲ့ နီးတဲ့ ပင်လယ်ကမ်းခြေတွေဟာ မိုးကြီးလေကြီးကျပြီးရင် မြစ်ချောင်းများမှ စီးဝင်လာတဲ့ရေကြောင့် bacteria level မြင့်တတ်ကာ မိုးစဲပြီး အနည်းဆုံး 45 mins ကျော်မှသာ ရေထဲဆင်းသင့်သော်လည်း ၊ ငပလီကမ်းခြေမှာ သဘာဝ အခြေအနေအရ bacteria level အန္တရာယ်ဖြစ်လောက်အောင် ထိုကဲ့သို့ မြင့်တက်ခြင်းမရှိပါ။

ငပလီကမ်းခြေရဲ့ အပူချိန်ဟာ နွေဥတုမှာ ပျမ်းမျှနေ့အပူချိန် 93′ F ရှိပြီး, ဆောင်းဥတု မှာ 90′ F ရှိပါတယ်၊ ငပလီရဲ့ နေ့ တာအရှည်ဆုံး ဖြစ်တဲ့ June လမှာ နေ့တာဟာ ပျမ်းမျှနာရီ 13.2 hours ရှိပြီး နေ့ တာအတိုဆုံးလ December မှာတော့ 11 hrs ဘဲရှိပါတယ်။ နေရောင်ခြည်ခံယူဘို့ နေရောင်ခြည်ကို နာရီအကြာရှည်ဆုံးရရှိနိုင်တဲ့လ ကတော့ February လဖြစ်ပြီး တစ်နေ့မှာ ပျမ်းမျှ 10.3 hrs ရရှိ နိုင်ပါတယ်. အတိုတောင်းဆုံးလကတော့ မိုးအများဆုံးလဖြစ်တဲ့ July လပါ. တစ်နေ့ကိုပျမ်းမျှ 2.8 hrsလောက်ဘဲရရှိနိုင်ပါတယ်။ ခရမ်းလွန် ရောင်ခြည်သက်ရောက်မှု အမြင့်ဆုံး 13.8 ထိမြင့်တက်လေ့ ရှိတဲ့လက April လဖြစ်ပြီး၊ အနိမ့်ဆုံး 8 သာ သက်ရောကိတဲ့လက တော့ December ပါ။ နေရောင်ခြည်ကြောင့် Sunburn မဖြစ် အောင် အသင့်လျော်ဆုံး နေရောင်ခြည်ကိုခံယူသင့်တဲ့ အချိန်ကတော့ မနက် 10:00 hrs မတိုင်မီနဲ့  ညနေ 16:00 hrs နောက်ပိုင်းဖြစ် ပါတယ်။ ဒီအခြေအနေတွေက အာရှတိုက်ရဲ့ အကောင်းဆုံးရာသီဥတု ကိုရရှိထားတဲ့ ကမ်းခြေတစ်ခုဆိုတာကို သက်သေပြနေပါတယ်။

Contact Us