ဇင်းကျိုက်ရေတံခွန်သည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင်တည်ရှိပါတယ်။ရန်ကုန်ကနေ ဇင်းကျိုက်ရေတံခွန်ကိုအမြန်လမ်းကနေသွားမယ်ဆိုရင် ၄:၃၀ နဲ့ ၅:၀၀ လောက်မောင်းရပါလိမ့်မယ်။ ဇင်းကျိုက်ဆံတော်ရှင် တည်ရှိရာ တောင်းတန်းအစွန်းတွင်တည်ရှိပြီး ရေတံခွန်အပေါ်ရှိစေတီတော်မှာ ကျောက်သင်္ဘောစေတီတော်ဖြစ်ပါတယ်။မိုးရာသီကာလရုံးပိတ်ရက်များတွင်ရေကူးသူ၊ ပျော်ပွဲစားထွက်သူများနှင့်စည်ကားလျက်ရှိပြီး မိသားစုလိုက်ခရီးသွားသင့်သော နေရာတခုဖြစ်ပါတယ်။

ရေတံခွန်က မော်လမြိုင်ကားလမ်းမ အနီးလေးတင်ပါပဲ။ရေတံခွန်က နှစ်ထပ်ရှိပြီး လာရောက်လည်ပတ်သူ အများစုက အောက်ထပ်ရေတံခွန်မှာပဲ ကစားကြတာများတယ်။ ရေအခြေအနေကတော့ ကြည်တယ်။ အေးစက်နေတာမျိုး မဟုတ်ဘဲ ခပ်စိမ့်စိမ့်လေး နေလို့ကောင်းအောင် အေးနေတာမျိုးလေး။ အပေါ်ရေတံခွန်မှာ ရေဆော့ချင်ရင်တော့ လှေကားထစ်လေးတွေအတိုင်း တက်သွားလိုက်ရုံပါပဲ။ အပေါ်ထပ်ရေတံခွန်လည်း တော်တော်လေး လှပါတယ်။ ရေတံခွန်ထိပ်နားလောက်မှာ သဘောင်္သဏ္ဍာန်ကျောက်တုံးပေါ်မှာ စေတီတည်ထားတဲ့ ကျောက်သဘောင်္စေတီကို ဖူးမျှော်နိုင်ပါတယ်။ အပေါ်ထပ်ရေတံခွန်မှာ ရေဆော့မယ်ဆိုရင်တော့ သိပ်အတင့်မရဲစေချင်ဘူး။

ဇင်းကျိုက်ကို မနက်ပိုင်းဝင်ပြီး မော်လမြိုင်မြို့ဘက်ကို ခရီးဆက်တာပဲဖြစ်ဖြစ်၊ဘားအံနဲ့တွဲဖက်ပြီးပဲဖြစ်ဖြစ် လည်ပတ်နိုင်ပါသေးတယ်။

Chan Myae Ei

Contact Us