နမ့်မွန်ကြီးရေတံခွန်ကတော့ ရှမ်းပြည်နယ်ပင်လောင်းမြို့သို့သွားရာလမ်းပေါ်ရှိပေါင်းလောင်းမြို့အနီးမှာရှိပါတယ် နေပြည်တော်-တပ်ကုန်းလမ်းခွဲကနေ (၆၈)မိုင်ဝေးပါတယ်

ခရီးစဉ်နှင့်လမ်းကြောင်း

နေပြည်တော်-တပ်ကုန်းကနေ ပင်လောင်းလမ်းခွဲအတိုင်းသွားပြီး၊ နေပြည်တော်ရေပူစမ်း ဆိုတဲ့ဆိုင်းဘုတ်တွေ့ရင် ညာဘက်ကိုချိုးပြီး ဆက်မောင်းရပါတယ် တောင်တက်တောင်ဆင်းတွေတော့ များပါတယ်၊ သုံးနာရီခွဲလောက်မောင်းပြီးရင်တော့ ပေါင်းလောင်းမြို့ကိုရောက်ပါပြီ

နမ့်မွန်ကြီးရေတံခွန်ကိုရောက်ဖို့အတွက်တော့ စက်လှေငှားပြီးသွားရပါသေးတယ်။ စက်လှေတစ်နာရီလောက်စီးရပါတယ်။ အသက်ကယ်အင်္ကျီတွေငှါးသွားရင်ပိုကောင်းပါတယ်။

စက်လှေစီးရင်း မြင့်မားလှတဲ့တောင်တန်းကြီးတွေ ကမ်းနဖူးကရွာတွေ ဆည်ရေမျက်နှာပြင်ပေါ်က သစ်ခြောက်ပင်ကြီးတွေ စတဲ့ ရှု့ခင်းတွေကိုတွေ့ရမှာပါ နောက်ခံရှု့ခင်းလှလှနဲ့ဓာတ်ပုံရိုက်လို့ရပါတယ်

အချို့ကတော့ရေတံခွန်ကိုသွားပြီး ပေါင်းလောင်းမြို့မှာ ဖြစ်ဖြစ် နေပြည်တော်တော်မှာဖြစ်ဖြစ် ပြန်အိပ်ကြပါတယ်

တောတောင်ရေမြေသဘာဝရှု့ခင်းတွေရဲ့အရသာကိုရချင်ရင်တော့ နမ့်မွန်ရေတံခွန်မှာပဲ ညအိပ်လို့ရပါတယ် ရေတံခွန်အနီးမှာ တည်းခိုဖို့တဲလေးတွေအများကြီးရှိပါတယ်

-သဘာဝအတိုင်းလှနေတဲ့ တောတောင်ရှု့ခင်းတွေ ရေပြာအိုင်လေးတွေထဲမှာ ရေကစားကြရင်းဓာတ်ပုံရိုက်လို့ရပါတယ်။

-ရေတံခွန်မှာ အန္တရာယ်ကင်းစွာနဲ့ ရေစိတ်ကြိုက်ကစားချင်တယ်ဆိုရင်တော့ Life jacket တွေဝတ်သွားပါ

-တားမြစ်ထားတာတွေမလုပ်ပါနဲ့

-ခရီးသွားတွေလိုက်နာရမည့် စည်းကမ်းလေးတွေကိုလည်း ဆိုင်းဘုတ်တစ်ခုနဲ့ ကပ်ပေးထားတယ်

-ညနေနေဝင်ချိန် Sunset အရသာကိုအပြည့်အဝခံစားရမှာပါ ဘေးတစ်ဖက်ကရေပြင်ကျယ်ကြီး အခြားတစ်ဖက်က တောင်တန်းကြီးတွေနဲ့ဝန်းရံထားတဲ့နေရာပေါ့

မိုးရာသီ June လကနေ October လထိ (၅)လလောက်ပိတ်ပါတယ်။ ပွင့်လင်းရာသီပဲသွားလို့ရပါတယ်။

Contact Us