ပခန်းကြီးသည်​ ​ရေစကြိုမြို့နယ်​၊ ပခုက္ကူ ခရိုင်​အတွင်း၊ ရေစကြို-ပခုက္ကူ ကားလမ်းမ
ပေါ်မှာတည်​ရှိသည်။  ​ရေစကြိုမှ ၁၁ မိုင်​၊ ပခုက္ကူ မှ ၁၆ မိုင်​ ကွာ​ဝေးသည်​။
ရှေးအခါက ပခန်းကြီးမြို့​ ဖြစ်​ခဲ့ပြီး ယခုအခါ မြို့​ဟောင်းတစ်​ခုသာစြ်​​တော့သည်​။

ပခန်းမြို့ရိုးမှာ A.D ၁၃၈၈ က တည်​​ဆောင်​ခဲ့​သော မြို့ရိုးကို ခုထိ ထင်​ရှားရှိသည်​။ 
ရှေး​ဟောင်းမှ မှတ်​တမ်းတင်​ရာ ​စေတီ​ပေါင်း၃၈၂ ဆူရှပြီး အဆူ ၈၀ မှာ နံရံ​ဆေး​ရေးပန်းချီ
များ ခုတိုင်​မြင်​​တွေ့နိုင်​သည်​။ကျောင်း​တော်​ကြီး၊ သရက္ခန်​ဘုရား၊ ကိုကြီး​ကျော်​စသည်​တို့မှာ ထင်​ရှားသည်​။

သမိုင်းမှတ်​တမ်း
သာသနာနှစ်​ ၃၆၊ [B.C 508]တွင်​ ရာဇဂြိုဟ်​မှဓနုသီဟမင်းသည်​ ပခန်း​ဒေသ​ရောက်​ရှိပြီး
မြို့ပြတည်​​ထောင်​သည်​ဟုဆိုသည်​။ ပထမမြို့ပြနိုင်​ငံဖြစ်​သည်​။
သက္ကရာဇ်​ ၉၆-၁၀၆၊[ A.D 734-744] တွင် ပုဂံသိန်းခွန်​မင်းလက်​ထက်​တွင်​ စည်​သူနှင့်
ကျော်​စွာ{ကိုကြီး​ကျော်​}တို့က ဒုတိယ ပခန်းမြို့ကို တည်​​ထောင်​သည်​။
သက္ကရာဇ်​ ၆၆၇၊ [A.D 1305]တွင်​ ပင်းယတစ်​စီးရှင်​ သီဟသူ၏ လက်​မည်းအမတ်​က
တတိယပခန်းမြို့ကို တည်​သည်​။ မြို့ တစ်​မျက်​နှာလျှင်​ တာ ၁၂၅၊ တာ​ပေါင်း ၁၃၁၂-
ပေ အရှည်​ ရှိပြီး တစ်​မျက်​နှာလျှင်​ မြို့တံခါး တစ်​​ပေါက်​ဖြင့်​ စနစ်​တကျ တည်​ထားခဲ့သည်​။
သက္ကရာဇ်​ ၇၂၉-၇၆၂၊ [A.D 367-1210] တွင်​အင်းဝ၌ မင်းကြီးစွာ​စော်​ကဲ နန်းစံချိန်​တွင်
အမတ်​ကြီး ​စောမည်းအား သက္ကရာဇ်​ ၇၅၀-တွင်​ခံတပ်​မြို့အဖြစ်​ တည်​​ဆောက်​​စေသည်​။
နှစ်​​ပေါင်း ၆၀၀ ​ကျော်​ သတ်​တမ်းရှိပြီး ယခုတိုင်​ခံတပ်​တံတိုင်းကြီးများ ​တွေ့မြင်​ရသည်​။
သက္ကရာဇ်​ ၁၁၀၀၊ [A.D 1738] တွင်​မဟာဓမ္မရာဇာဓိပတိမင်းက ပဉ္စ ပခန်းကြီးခံတပ်
တည်​​ဆောက်​ခဲ့သည်​။ ပထမ​ကျော်​​အောင်​စံထားဆရာ​တော်​ အရှင်​ဉာဏဝရ[ပိုက်​သင်​ရွာ]၏

မ​တောင်းတ​ကျောင်း​နေရာ၊ ပခန်း​မြောက်​ဘက်​ရွှေဥမင်​​ကျောင်းတို့ ပုံရိပ်​များ ရှိဆဲပင်​။
ပခန်း​ကျောင်းကန်​ ပုဂံဘုရားဟုဆိုသည်​။ ပခန်းကို ဒုတိယပုဂံဟုလည်းဆိုသည်​။

ပခန်းကြီး မည်​ပုံ
တောင်​သုံးလုံးကို တူးဖြိုတည်​လို့ ကုခန်းကြီး၊ ဓာတ်​​တောင်​​ရွှေသမင်​ အ​ယောင်​​ဆောင်​၍
ကူးသန်း​ပြေးသွား​လေ​သောအရပ်​၌ တည်​၍ ကူးသန်းကြီး၊ နရပတိစည်​သူမင်း၏
အသိမ်းမက​သော စစ်​သည်​​တို့ဖြင့်​ ​အောင်​မြင်​၍ { ပ ​စေ ခန်း ​စေ}ပခန်းဟု
နံနှိမ်​ခြင်းကိုစွဲ၍ ပခန်းကြီးဟု ဆိုကြ၏။

ပျူများရှိရာ​ဒေသ ပခန်း​ဒေသတွင်​ လွန်ခွဲှ့​စ် ၈၀၀​ ​ကျော်​မှပျူရွာ ပျူလူမျိုးများ အ​ခြေချ​နေထိုင်​ခဲ့သည်​ ဟုဆို၏။
ပုဂံ၊ ပင်းယ၊ ကုန်း​ဘောင်​ ​ခေတ်​များတွင်​တိုးတက်​လာခဲ့သည်​။ သီ​ပေါမင်းလက်​ထက်
ခရိုင်​ဝန်​အဖြစ်​ ဦးရိတ်​ကို ခန့်​သည်​။ ခရစ်​နှ ၁၈၉၀၊ ဇန်​နဝါရီ ၃၀ တွင်​ အမိန့်
ကြော်​ငြာအမှတ်​ ၂၃ဖြင့်​ ပခန်းကြီးမြို့နယ်​ကိုဖျက်​သိမ်းကာ ​ရေစကြိုမြို့နယ်​ကို
ဖွဲ့စည်းခဲ့သည်​။

Reference
၁။ ပခန်းကြီးမြို့ သမိုင်းစည်​သူရှင်​ဘုရားနှင့်​ ​ကျောင်း​တော်​ကြီး (ဦးဘသွယ့်​)

Contact Us