မန္တ​လေးမှ စက်လှေလေးနဲ့ သွားမလား ? ကား သို့မဟုတ် ဆိုင်ကယ် နဲ့ သွားမလား၊​ငွေကြေးကုန်ကျမှုနည်းနည်းလေးနဲ့ သွားရောက်လည်ပတ်နိုင်ပြီး စိတ်ဝင်စားစရာရာဇဝင် သမိုင်းတွေ ဓါတ်ပုံရိုက်လို့ အရမ်းလှတဲ့ ​နေရာတွေ ပေါကြွယ်ဝတဲ့ ဒေသ တစ်ခုပါ။
မင်းကွန်းနယ်မြေသို့ရောက်လျှင် မြသိန်းတန်စေတီနှင့် မနီးမဝေး၌ မင်းကွန်းပုထိုးတော်ကြီးရှိလေသည်။ အဝေးက ဖူးမျှော်လျှင်ပင်​ ထုထည်ကြီးမားမှန်းသိသာ​လှသည်​ ။ ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီးကို (၁၁၅၂)ခုနှစ် တပို့တွဲလဆန်း (၅) ရက်နေ့တွင် စတင်အုတ်မြစ်ချ ဆောက်လုပ်ခဲ့သည်။  တိုင်းပြည်အရပ်ရပ်မှ ပြည်သူလူထု  အင်အားဖြင့် နှစ်ပေါင်း (၂၀)တိုင်တိုင် တည်ဆောက်ခဲ့လေသည်။

ပုထိုးတော်ကြီးတည် ဆောက်နေစဉ် “ ဘုရားလည်းပြီး ၊ ပြည်ကြီးပျက်လတ္တံ၊ မင်းကွန်းဘုရားကြီး အပြီးသတ် ၊ မုဆိုးသုညကပ်”ဟူ၍ “တဘောင်”ပေါ်လာ၏ ။ ထိုအခါ ပညာရှိအမတ်များက  ဤပုထိုးတော်ကြီး ပြီးစီးပါက အရှင်မင်းကြီး၏ ကုန်းဘောင်မင်းဆက် ပျက်စီးသွားနိုင်တယ်။ ဘုရားကြီးကို ပြီးစီးအောင်မတည်ဘဲ ရပ်လိုက်တာဘဲ ကောင်းပေမည်ဟု သံတော်ဦးတင်ကြသည်။    ✨အကယ်၍ အပြီးသတ်အောင် ဆောက်လုပ်ခဲ့ပါက ဥာဏ်တော်အမြင့်ပေ(၅၀၀)တိတိ ရှိမည်ဖြစ်သောကြောင့် ကမ္ဘာ့အံ့ဖွယ်စေတီတစ်ဆူအဖြစ် ဖူးတွေ့ရမည်ဖြစ်သည်။ သို့သော် မင်းကြီး၏ အမိန့်ဖြင့် ဆက်လက်မတည်တော့ဘဲ ရပ်လိုက်သောကြောင့် ယခုမှာမူ အမြင့်ပေ ( ၁၆၂) ပေသာ ရှိပေသည်။ သက္ကရာဇ်(၁၂၀၀) ပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့် ကွဲအက်ပဲ့ထွက်လာခဲ့သည်​ မင်းကွန်းပုထိုးတော်ကြီးဟာ အပြီးသတ် မတည်နိုင်ခဲ့သေးပေမယ့် ပုထိုးတော်ကြီးရဲ့ခမ်းနားထည်ဝါမှုမှာ အံ့မခန်းတွေ့ ရမှာဖြစ်ပါတယ်။ အရင်တုန်းကတော့ ပုထိုးတော်ကြီး ထိပ်ထိ တက်လို့ ရပေမယ့် အခုတော့ ငလျင်ဒါဏ်ကြောင့် အက်ကွဲကြောင်းကြီးတွေ ပေါ်နေပြီး ပျက်စီးနေတာရယ် လုံခြုံရေးအရရယ် တဝက်ထိပဲတက်​ခွင့်​ပြုထားပါတယ်​။

Contact Us