” မန္တလေးနဲ့ အလှမ်းမဝေးတဲ့ ၃ မိုင်အကျော်က သစ္စာစိန်စီ အပန်းဖြေဥယျာဉ် ”
အရင်က အပင်သေးလေးတွေကလဲ ခုဆိုဝေဝေဆာဆာစိမ်းစိမ်းစိုစိုနဲ့  အရိပ်တွေရနေပြီ , အနားယူဖို့  ကွပ်ပြစ်တွေ ခုံတန်းတွေ နားနေဆောင်တွေလဲ အများကြီးတိုးချဲ့ ထားတယ် , ဓါတ်ပုံရိုက်စရာနေရာတွေ အရုပ်ကြီးတွေလဲ အသစ်တွေတွေ့ ရတယ် , နောက်ပြီး ကစားစရာ ရေလွှာငါးမန်းနဲ့  ရေကူးကန်အသစ်ကြီးလဲထပ်ဖြည့်ထားလို့  ဒီတခါကတော့ စွန်းကို မိုက်နေတာပေါ့ 😉

🚗 🏍 ဘယ်လိုသွားမလဲ ?
ကား/ ဆိုင်ကယ်နဲ့  သွားရင် မန်းလေးမြို့ ထဲကနေ ၄၅ မိနစ်တောင်မကြာပါဘူနော် 👌🏻

🗺 တည်နေရာကရော ?
ပြင်ဦးလွင်-မန္တလေးလမ်း၊ (၁၆)မိုင်တိုးဂိတ်အကျော်၊ ရဲရွာရေအားလျှပ်စစ်သွားရာလမ်းဘေး(၃မိုင်အကျော်)လမ်းရဲ့  ညာဘက်အခြမ်းမှာပါ , လမ်းတလျှောက်မှာလဲ သစ္စာစိန်စီလမ်းညွှန်ဆိုင်းဘုတ်တွေရှိပါတယ် ✌🏻

💵 ဝင်ကြေးဘယ်လောက်လဲ ?
တယောက်မှ ၂၀၀၀ ပါ , ၂၀၀၀ ဆိုတာ တကယ်တော့ အအေးတခွက်စာပဲရှိပါတယ် , ဒီဈေးနဲ့  ဒီလိုအေးချမ်းတဲ့ အပန်းဖြေဥယျာဉ်ကြီးကို ဝင်ခွင်ရတာ အရမ်းတန်တယ်လို့ ထင်ပါတယ် , အထဲက ရေကူးတာ , ရေလွှာလျှောစီးတာ , ရေမြှုပ်တွေနဲ့ ဆော့တာ ဘာမှထပ်ပေးစရာမလိုပါဘူး အကုန် free ပါ , ရေချိုးခန်း အိမ်သာလဲ free ပေးသုံးပါတယ် , ပစ္စည်းသိမ်းဖို့  locker ငှားခကတော့ ၅၀၀ ပါ , တဘက်, ဆပ်ပြာ စတာတွေပါမလာတဲ့သူတွေအတွက်လဲ ဈေးသက်သက်သာသာနဲ့  ဝယ်လို့ ရပါတယ်
အခါကြီးရက်ကြီးတွေမှာတော့ နာမည်ကြီးအဆိုတော်တွေဖိတ်ပြီးပွဲလေးတွေလုပ်ပေးလို့  ဝင်ကြေးအပြောင်းလဲ အနည်းငယ်ရှိပေမယ့် , ပုံမှန်ကတော့ ၂၀၀၀ ပဲကောက်ပါတယ် 💵

🎠 ဘာတွေကစားလို့ ရလဲ ?
အခုအသစ်တိုးထားတဲ့ “ရေလွှာငါးမန်း” ကတော့ အမိုက်ဆုံးပါပဲ , ပေ ၃၀ကျော်အမြင့်ရှိတဲ့ သုံးတန်းရေလွှာလျှောကနေ လျှောချလိုက်ရင် ငါးမန်းကြီးရဲ့ အမြီးကနေဝင် – ပါးစပ်ပေါက်ကြီးထဲကနေပြန်ထွက်လာပြီး ရေပန်းတွေတဖွားဖွားလွှတ်ထားတဲ့ ရေကူးကန်ကျယ်ကြီးထဲကို ဗွမ်း ခနဲကျသွားတာပေါ့ , 😉😬💦
အရင်ကရှိတဲ့ ရေကူးကန်အဝိုင်းကြီးရယ် , ပျော့အိပျော့အိရေလွှာလျှောရယ်ကလဲရှိသေးတော့ ဟိုဘက်ပြေးဆော့လိုက် ဒီဘက်ပြေးဆော့လိုက်နဲ့ ပျော်စရာကြီး 🏊🏻‍♂️🏊‍♀️
ရေကူးကန်ထဲမှာ ဘဲငန်းရုပ်ဘောကွင်းကြီးတွေလဲ ထည့်ပေးထားပါတယ်
လူကြီးတွေအတွက်အပြင် ကလေးတွေကစားဖို့  ရေလွှာလျှောအသေးလေးပါတဲ့ mini pool လေးပါရှိလို့  ကလေးငယ်ပါတဲ့သူတွေလဲ ရေကစားလို့ ရပါတယ် 👶 💦

Stage စင်ကြီးရှေ့ က ပွဲတွေလုပ်တဲ့ကွင်းပြင်ရဲ့  ကြမ်းပြင်ကနေလဲ ရေပန်းတွေဖွင့်ပေးထားပြီး DJ သီချင်းတွေလဲဖွင့်ပေးထားတော့ မြူးကြွပြီး EDM ပွဲရောက်နေသလိုပဲ 💦💃🕺

Water activity တွေအပြင် တခြားခေတ်မှီကစားနည်းတွေဖြစ်တဲ့ လျှပ်စစ်ရဟတ်ယဉ် , moon flying စတာတွေလဲရှိတယ် အဲ့ဒါတွေကတော့ ကစားနည်းတခုကို ၁၀၀၀ တော့ပေးရပါတယ် 🎠

ဘောလုံးဝါသနာပါရင် သူငယ်ချင်းအုပ်စုလိုက်ချိန်းကန်လို့ ရမယ့် ဖူဆယ်ဘောလုံးကွင်းအမိုက်စားလေးလဲရှိတယ် တနာရီ ၁၀၀၀၀ ပါ⚽️

⛲️ ဥယျာဉ်ထဲမှာဘာတွေရှိလဲ, ဘာတွေလုပ်လို့ ရလဲ ?
အရိပ်ရအပင်တွေအများကြီးရှိတာတော့ ကိုယ့်အကြိုက်ဆုံးပါပဲ , နားနေဆောင်တွေ Free ပေးထားတာလဲ သဘောကျတယ် , မိသားစုလိုက်လာရင် လူကြီးတွေက အနားယူ , လူငယ်တွေကကစား အဆင်ပြေတယ်လေ 👨‍👩‍👧‍👦
မြေဧက ၅၀ ကျော်ပေါ်မှာတည်ဆောက်ထားလို့  တော်တော်လေး အသက်ရှုချောင်ပြီး အေးချမ်းတယ် မြို့ ပြရဲ့  ပူလောင်မွန်းကြပ်မှုတွေကနေ ခဏတာပြေးထွက်လို့ ရတာပေါ့ 😊
ဓါတ်ပုံရိုက်ဝါသနာပါတဲ့သူတွေအတွက်လဲ ဓါတ်ပုံရိုက်လို့ ကောင်းမယ့်နေရာတွေ အရုပ်ကြီးတွေအများကြီးရှိတယ် 📸
ဒီအပန်းဖြေဥယျာဉ်ကြီးက ကလေးအတွက်အန္တာရာယ်ကင်းပြီးလူကြီးတွေအတွက်လဲ စိတ်ချမ်းမြေ့
စွာပျော်ရွှင်နိုင်တဲ့နေရာလဲဖြစ်တော့ မိဘတွေကိုယ့် သားသား မီးမီးလေးတွေကိုလိုက်ပို့မယ်ဆိုရင် တနေရာထဲမှာအေးဆေးပြီးတဲ့ သစ္စာစိန်ကအကောင်းဆုံးပါပဲ 👨‍👩‍👧‍👦

🥗 🥤 အစားအသောက် ?
ပေါ့ပေါ့ပါးပါး သရေစာတွေ အအေးတွေရောင်းတဲ့ mini shop လေးရှိတယ် , မုန့် တွေအပြင် ခေါက်ဆွဲဗူးရေနွေးဖျောတွေကအစရတယ် , ဦးထုပ် ထီး စတာတွေလဲရောင်းတယ် 🧢
နေ့ လည်စာဟဲဗီးစားချင်ရင်လဲ ဥယျာဉ်ထဲက ‘သစ္စာစိန်စီစားသောက်ဆိုင်’ မှာစားလိုက်ရုံပဲ , ထိုင်းအစားအစာတွေ အရမ်းကောင်းတယ် , ဈေးကလဲမြို့ ထဲက ဆိုင်တွေလောက်ပဲ 🥙

☂️ ဘာတွေဆောင်သွားသင့်လဲ ?
မနက်စောစောနဲ့  ညနေခင်းလေးသွားရင် ပိုသာယာပါတယ် , အရိပ်အောက်မှာပဲနားနေမယ်ဆို ကိစ္စမရှိပေမယ့် ဥယျာဉ်ပါတ်ဓါတ်ပုံရိုက်မယ် ကစားမယ်ဆိုရင်တော့ ထီး ဦးထုပ် စတာလေးတွေယူလာပါ , ကိုယ့်ချိုင့်နဲ့ ကိုယ်လာပြီး မိသားစုပျော်ပွဲစားထွက်လို့ လဲရပါတယ် 👴🏻🧓🏻👨🏻‍🦰👩🏻‍🦰👦
ရေကူးမယ်ရေကစားမယ်ဆိုရင်တော ရေကူးဝတ်စုံ , တဘက် , ခေါင်းလျှော်ရည် , ဆပ်ပြာလေးတွေ ယူလာပေါ့နော် ( မပါရင်လဲဝယ်လို့ ရပါတယ်)
နေလောင်ကာ sunscreen လေးလဲ လိမ်းဖို့  မမေ့နဲ့ ဦးနော် 👌🏻
ဥယျာဉ်က မနက် ၈ နာရီ ကနေ ညနေ ၅:၃၀ ထိဖွင့်တယ်လေ 👌🏻

ဒီဥယျာဉ်လေးက မန်းလေးနဲ့ လဲမဝေးဘူး , ဈေးလဲမကြီးဘူး , လူကြီး လူငယ် ကလေး အကုန်သွားလို့ ရလို့  အပန်းဖြေခရီးအဝေးကြီးမသွားနိုင်တဲ့သူတွေအတွက် တရက်တာ အပန်းဖြေစရာနေရာလေးတစ်​ခုဖြစ်​ပါတယ်​😊

ကဲ … တူတူသွားမယ့် သူငယ်ချင်းတွေ လူစုလိုက်တော့နော် ✌🏻😉

သစ္စာစိန်စီ အပန်းဖြေဥယျာဉ်
Contact Us