အင်းဝမြို့ဟာမန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းမှာတည်ရှိပြီး ဧရာဝတီမြစ်နဲ့ ဒုဌဝတီမြစ်တို့ဆုံရာအရပ်မှာတည်ရှိပါတယ်။ မြန်မာ့သမိုင်းတွင် အလွန်ကျော်စောသောမြို့ဖြစ်သည်။ မန္တလေးကနေ နာရီဝက်လောက်ကားမောင်းသွားရပြီး မန္တလေး-စစ်ကိုင်းကားလမ်းဟောင်းကနေ သွားလို့ရသလို မန္တလေး-ရန်ကုန်အမြန်လမ်းမကနေလဲ သွားလို့ရတယ်။ ရေလမ်းဖြင့်လည်းသွားလို့ရပါတယ်။
မြို့သက်တမ်းမှာ ၁၉၁ နှစ်တိုင်ကြာမြင့်သည်။ မြန်မာ့သမိုင်းတစ်လျှောက် မင်းဆက်ပေါင်း ၃ ဆက်၏ ၄ ကြိမ်တိုင်တိုင် မင်းနေပြည်တော်အဖြစ် နန်းစိုက်ခဲ့သော မြို့ဖြစ်သည်။ ၎င်းတို့မှာ..
အင်းဝမင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)
ညောင်ရမ်းမင်းဆက် (၁၆၀၀-၁၇၅၂) နှင့်
ကုန်းဘောင်မင်းဆက် (နှစ်ကြိမ်)တို့ဖြစ်ပါတယ်။
ယဉ်ကျေးမှုအမွေအနှစ်များစွာကျန်ရှိနေတဲ့မြို့ဖြစ်ပါတယ်။
မယ်နုအုတ်ကျောင်း (ခ) မဟာအောင်မြေဘုံစံအုတ်ကျောင်း၊ နန်းမြင့်မျှော်စင်၊ သားတော်သမီးတော် ရေကန်၊ ဗားကရာကျောင်း ၊ ရတနာဆီမီးဘုရားစု၊ ဝင်္ကပါစေတီ၊ ကြောင်လိန်စေတီ၊ မြင့်မိုရ်တောင်စေတီ၊ လေးထပ်ကျောင်းတော်ကြီး၊ လောကဒုဿမာရ်အောင်စေတီ၊ ဆင်ကျုံးခံတပ်၊ ဦးအိုတံတား၊ မြို့ရိုး တွေကတော့ ခရီးသွားတွေအများဆုံးသွားရောက် လည်ပတ်ကြတဲ့နေရာတွေဖြစ်ပါတယ်။

မဟာအောင်မြေဘုံစံကျာင်းတော်ကြီ (မယ်နုအုတ်ကျောင်း)
မဟာအောင်မြေဘုံစံ ကျောင်းတော်ကြီးကို မယ်နုအုတ်ကျောင်းဟု ခေါ်သည်။ မြန်မာသက္ကရာဇ် ၁၁၈၉ခုနှစ်တွင် ဘကြီးတော်မင်းတရားနှင့် နန်းမတော်မယ်နု တို့က ဆောက်လုပ်၍ ညောင်ကန်ဆရာတော် ဦးပိုး အား လှူဒါန်းခဲ့ပါသည်။ ဆရာတော် ဦးပိုးသည် ၁၁၉၁-ခုနှစ်၊ သက်တော် ၅၁-နှစ်၊ ဝါတော် ၃၂-နှစ်ဝါတွင် ပျံလွန်တော်မူခဲ့သည်။

ဗားဂရာကျောင်းတိုက်

ဗားဂရာ ဆိုသည်မှာ မွန်စကားဖြစ်ပြီး ခရေပင်ကျောင်း ဟုဆိုပါသည်။ မြန်မာသက္ကရာဇ် ၁၁၉၆
ဘကြီးတော်မင်းလက်ထက်ကတည်ဆောက်ခဲ့ပြီး
တိုင်လုံးပေါင်း ၂၆၇ လုံးရှိပြီး အကြီးဆုံးတိုင်၏လုံးပတ်မှာ၉ပေ ရှိပါတယ်။

မြို့ရိုး

လေးထပ်ကျောင်းတော်ကြီး

Contact Us