သဘာဝအလှတရားများနဲ့ ဟိုက်​ပါရေတံခွန်ဟာရှမ်းပြည်​နယ်​၊ မိုင်းရှုးမြို့နယ်အတွင်းမှာ တည်ရှိပါတယ်။မိုင်းရှုးမြို့ရဲ့အနောက်တောင်ဘက် (၁၂)မိုင်အကွာမှာရှိတဲ့ ဟိုင်ပါကျေးရွာအနီးမှာ တည်ရှိနေတာမို့ ဟိုင်ပါရေတံခွန်လို့ အမည်တွင်နေတာပါ။

ဟိုင်ပါရေတံခွန်ကို သွားဖို့ လမ်းကြောင်းတွေက​တော့
(၁)တောင်ကြီး-လွိုင်လင်-နမ့်စန်-ခိုလန်-ဝမ်စိမ်း-မိုင်းနောင်-မိုင်းရှုး-ဟိုင်ပါရွာ-ဟိုင်ပါရေတံခွန်(၁၈၃) မိုင်
(၂)လားရှိုး-မိုင်းရှုး-ဟိုင်ပါရွာ-ဟိုင်ပါရေတံခွန်ထိကို မိုင်(၁၅၀) ကွာဝေးပြီး အချိန်(၆)နာရီလောက် ကားစီးရပါတယ်။
(၃)တောင်ကြီး-ဟိုပုံး-မိုင်းပွန်-လွိုင်လင်-ပင်လုံ-လဲချား-မိုင်းနောင်-မိုင်းရှုး-ဟိုင်ပါရွာ-ဟိုင်ပါရေတံခွန်


တောင်ကြီးကနေ လဲချားထိ လမ်းတလျှောက်လုံး တစ်တောင်တက် တစ်တောင်ဆင်းနဲ့ အကွေ့အကောက်များသလို လမ်းကလည်း ကား၂စီးရှောင်လို့မလွတ်တဲ့လမ်းတွေမို့ ကားမောင်းရတာ အချိန်ပိုကြာတယ်။ လမ်းတစ်လျှောက်မှာတော့ ဘေးပတ်ပတ်လည် ရှုခင်းတွေကတော့ လှမှလှပဲ….. ထင်းရှုးတောတန်းတွေ စိန်ပန်းပြာတွေ ဝါးတောတွေ…… နဲ့ နွေရာသီမှာတောင် စိမ်းစိုသာယာနေတာပဲ။ တောင်ပေါ်နွေဟာ မြင်မြင်သမျှ စိမ်းစိုလှပပြီး စိတ်ချမ်းမြေ့စရာပါပဲ …
လမ်းမှာ​တော့စစ်ဆေးရေးဂိတ်​တွေရှိပါတယ် ။”ဟိုင်ပါရေတံခွန်”သွားမှာလို့ပြောလိုက်ရင်ရပါပြီ။ ဒီဂိတ်က လုံခြုံရေးအရ ညနေ(၆)နာရီက​နေ မနက်​ (၆)နာရီထိ ဂိတ်ပိတ်ပါတယ်။ လဲချားကနေ ဟိုင်ပါရွာအထိက မြေပြန့်လမ်း ဒါပေမယ့် လမ်းကတော့ကျဉ်းတာပါပဲ။ ဟိုင်ပါရွာကနေ ဟိုင်ပါရေတံခွန်အထိက မြေသားလမ်းမို့ မိုးရွာတဲ့အခါ သွားဖို့အဆင်မပြေနိုင်ပါဘူး။ တချို့ကားနိမ့်တွေဆိုရင် ဟိုင်ပါရွာမှာပဲ ကားရပ်ထားခဲ့ရပြီး (၂)မိုင်ခရီးကို လမ်းလျှောက်သွားရတာ။ ဒီလမ်းခရီးက ကားအမြင့်တွေနဲ့ဆိုရင် ပိုအဆင်ပြေတယ်။

ဟိုင်ပါရေတံခွန်အနီးမှာရှိတဲ့ မြို့တွေမှာ တစ်ညအိပ်ပြီး မနက်မှရေတံခွန်ကို သွားမယ်ဆိုရင် ပိုပြီးအဆင်ပြေတယ်။ ရေတံခွန်မှာလည်း အေးအေးဆေးဆေး လည်ပတ် ဓာတ်ပုံရိုက် ရေဆော့ လှေစီးနဲ့ အကြာကြီးနေလို့ရပါတယ်။ ညပိုင်​မှာ​တော့ ဟိုင်​ပါယာယီအပန်း​ဖြေစခန်းမှာလည်း ကြယ်​​ရောင်​စုံလင်းလက်​​နေ​သော​ကောင်းကင်​​အောက်​မှာ​ရေတံခွန်​သံနား​ထောင်​ပြီးမီးပုံန​ဘေးမှာ​ဘော်​ဒါ​တွေနဲ့ဝိုင်းဖွဲ့​ပျော်​ပါးရင်း ​မောပန်းသမျှကိုအပန်း​ဖြေနိုင်​ပါတယ်​။ အစားအ​သောက်​​တွေလည်းမှာယူစား​သောက်​နိုင်​ပါတယ်​။
ဟိုင်ပါရေတံခွန်ကို နိုဝင်ဘာလကနေ မေလအထိပဲ သွားလို့ရပါတယ်။ မိုးရာသီမှာ သွားလို့မရပါဘူးနော်။

Contact Us