ကြည်ပြာရောင် အလှပိုင်ရှင် ငွေဆောင်ကမ်းခြေ

နွေရာသီပိတ်ရက်လို့ပြောလိုက်တာနဲ့ ခရီးထွက်ကြမယ်ဆို အနား
ယူဖို့အကောင်းဆုံးကတော့ ကမ်းခြေပါပဲ။ ပင်လယ်ကြီး
ကိုတ၀ကြီးကြည့်မယ်..ပင်လယ်လေကိုတ၀ကြီးရှုမယ်… ကမ်းခြေက သဲနဲ့ scrubလုပ်မယ်..နားအေးပါးအေး beach chair လေးပေါ်မှာ အေးအေးလူလူ စာအုပ်ဖတ်မယ်. ကဲအာ့ဆို ငွေဆောင် ပဲသွားဖို့တိုက်တွန်းချင်ပါတယ်။ငွေဆောင်ကမ်းခြေက ရန်ကုန်မြို့က မိုင်(၁၆၀)၀န်းကျင်၊ ပုသိမ်မြို့မှ အနောက်ဘက်ကို ၄၈ကီလိုမီတာ(မိုင်၃၀)အကွာမှာရှိပြီး
ရေပြာရောင်ကိုပိုင်ဆိုင်ထားတဲ့ ကမ်းခြေပါ။

ရန်ကုန်ကနေဆို3နာရီကျော်4နာရီသာသာသာသွားရတဲ့ခရီးလေးပါ။ပုသိမ်လမ်းမကြီးအတိုင်းလာပြီးလမ်းခွဲရောက်ရင်ချောင်းသာသို့ ၊ငွေဆောင်သို့ လို့ ရေးထားပါတယ်။ ချောင်းသာသွားမယ့်သူတွေကချောင်းသာလမ်းဘက်ကိုကွေ့ ပြီး ငွေဆောင်သွားမယ့်သူတွေကငွေဆောင်လမ်းဘက်ကိုကွေ့ ပြီးသွားရမှာဖြစ်ပါတယ်။

ပင်လယ်ရဲ့အလှကိုအတွင်းကျကျခံစားဖို့ဆိုရင် ကျွန်းလျှားရှည်နဲ့လိပ်ကျွန်းတစ် ဝိုက် မှာ ရေကူး ၊ ရေငုပ်၊ ပြီး ငှက်ကျွန်းရောက်ရင်ပင်လယ်ရေရဲ့crystal clear waterထဲမှာ အရမ်းကိုလှတဲ့ ငါးလေးတွေ သန္တာကျောက်တန်းတွေ သန်းရှင်းတောက်ပနေတဲ့ ပင်လယ်ကြမ်းပြင်ရဲ့ အလှအပတွေကို snorkelling လုပ်၊ Trekking
လုပ်ချင်တဲ့သူတွေအတွက်တော့ အံမခန်းအလှတွေရှိတဲ့မြင်
ကွင်းတွေနဲ့ပေ ၅၀၀ အမြင့်ရှိတဲ့ စခန်းတောင်ပေါ်တက်၊ ကမ်းခြေပြန်ရောက်ပြီဆိုရင်လည်း ချစ်သူများကျွန်းမှာ လည်ပတ်ရင်း ရေသူမလေးနဲ့ တူတူဓာတ်ပုံရိုက်၊ water activities စတာတွေလုပ်လို့ရပါတယ်။ ညနေဘက်ဆိုလည်း ရန်ကုန်မှာ မရနိုင်တဲ့ ဆည်းဆာအလှကို သောင်ပြင်မှာ ထိုင်ပြီး တမေးတမော ကြည့်လို့လည်းရတယ်။

သိပ်လှတဲ့ ချစ်သူများကျွန်းလည်းရှိတဲ့အပြင်အဲ့ကျွန်းပေါ်မှာပဲ နေ၀င်ချိန်ညနေရှုခင်းကိုကြည့်လို့ရသေးတာ။ ကံကြီးချောင်း၊ ဒီရေရောက်တောနှင့် တံငါရွာ၊ သစ်ရောင်းကျွန်းနှင့် ငရုတ်ကောင်းကျွန်း များဆီသို့လည်း
သွားရောက်လည်ပတ်နိုင်ပါသေးတယ်။

Contact Us